ကျေးလက်မီးလင်းရေးလုပ်ငန်းဆောင်ရွက်ချက်များ

ကျေးလက်မီးလင်းရေးလုပ်ငန်းဆောင်ရွက်ချက်များ

၁။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို တိုင်းတာသောညွှန်းကိန်းများတွင် စွမ်းအင် သုံးစွဲမှုနှုန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ မည့်သည့်နိုင်ငံတွင်မဆို လျှပ်စစ်စွမ်းအင် ရရှိခြင်းသည် လူနေမှုဘဝအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် အလွန်အရေးပါလှသည်။ ထို့ကြောင့် မြန်မာနိုင်ငံအစိုးရသည် နိုင်ငံသားများအတွက် စိတ်ချယုံကြည်ရသော လက်လှမ်းမီ ခေတ်မီလျှပ်စစ်စွမ်းအင်ရရှိရေးကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ ပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်း၍ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်ကို ရေးဆွဲခဲ့ပါသည်။

၂။ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို ကမ္ဘာ့ဘဏ်၏ IDAချေးငွေ အမေရိကန် ဒေါ်လာသန်း(၉၀)၊ အီတလီအတိုးမဲ့ချေးငွေ (Italian soft loan) ယူရို သန်း(၃၀)၊ နိုင်ငံတော် ဘတ်ဂျက်၊ ပြည်သူ့အချိုးကျထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ ရလဒ်အခြေပြု ဘဏ္ဍာငွေထောက်ပံ့ပေးရေးအစီအစဉ် (RBF)ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်း များအား ကမ္ဘာ့ဘဏ်၏ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၃.၄၅) သန်းဖြင့် ဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့အတူ ဂျာမာန်ဖွံ့ဖြိုးရေးဘဏ်(KfW)အဖွဲ့၏ ထောက်ပံ့ငွေ ယူရို (၉)သန်းဖြင့်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အိမ်သုံးဆိုလာစနစ်ကျေးလက်မီလင်း ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီးသည်။ ထို့အပြင် ဂျာမန်-နိုင်ငံတကာပူးပေါင်းဆောင်ရွက် ရေးအဖွဲ့(GIZ)၏ ထောက်ပံ့ငွေ ယူရို (၄) သန်းနှင့် နယူးဇီလန် အစိုးရ၏ ထောက်ပံ့ငွေ ယူရို(၀.၈၇)သန်း၊ စုစုပေါင်း ယူရို (၄.၈၇) သန်းဖြင့် အသေးစားဓာတ်အားစနစ်ဖွံ့ဖြိုးရေးအတွက် နည်းပညာအကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ အလားတူ အသေးစား ဓာတ်အားစနစ်ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် မီးသုံးစွဲသူ ကျေးလက်နေပြည်သူများကို အဓိကထားထောက်ပံ့ပေးသည့် ကျေးလက် မီးလင်းရေးအစီအစဉ်အား Smart Power Myanmar အဖွဲ့မှ ထောက်ပံ့ငွေအမေရိကန်ဒေါ်လာ (၉၇၅၀၀၀) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါသည်။

၃။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသများတွင် လျှပ်စစ်မီး ရရှိမှု ပိုမိုတိုးမြင့်လာစေရန်၊ ဝေးလံခေါင်းဖျား၍ မဟာဓာတ်အားလိုင်းနှင့် ဝေးကွာသောဒေသများတွင် မဟာဓာတ်အားလိုင်းပြင်ပ အကြိုမီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ပြည်သူလူထုနှင့်ပူးပေါင်း၍ ပိုမိုကောင်းမွန်သည့်မီးလင်းရေးစနစ်တစ်ခု ဖော်ဆောင်ရန်၊ အစိုးရ- ပုဂ္ဂလိက−ပြည်သူ ပူးပေါင်းဆောင်ရွက်သည့်စနစ် ပိုမိုဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း(မဟာဓာတ်အားလိုင်းပြင်ပစနစ်)ကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါသည်။

၄။ မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းအနေဖြင့် အိမ်သုံးဆိုလာစနစ် နှင့် အသေးစားဓာတ်အားစနစ်ဟူ၍ စနစ် (၂) မျိုးဆောင်ရွက်လျက်ရှိပြီး လမ်းမီးတိုင်၊ စာသင် ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးအဆောက်အဦစသည့် အများပြည်သူပိုင်အဆောက်အဉီများ

လျှပ်စစ်မီးရရှိရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြည်တွင်းပြည်ပမှ ရင်းနှီးမြုပ်နှံသူ လုပ်ငန်းရှင်များအနေဖြင့် အိမ်သုံးဆိုလာစနစ်တွင် နိုင်ငံတကာယှဉ်ပြိုင်တင်ဒါစနစ်ဖြင့် ပါဝင်ယှဉ် ပြိုင် ဆောင်ရွက်နိုင်သကဲ့သို့ အသေးစားဓာတ်အားစနစ်တွင် စီမံကိန်းအဆိုပြုလွှာတင်သွင်းသည့် နည်းလမ်းဖြင့် ပါဝင်ဆောင်ရွက်နိုင်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေ ဖြင့် မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျကိုင်တွယ်သုံးစွဲတတ်စေရန်ရည်ရွယ်၍ ပြည်သူ့အချိုးကျ သတ်မှတ်ထည့်ဝင်ငွေ ထည့်ဝင်စေသည့်စနစ်ကို ကျင့်သုံးလျက်ရှိပါသည်။

၅။ လက်ရှိအစိုးရသစ်လက်ထက် တာဝန်ယူဆောင်ရွက်ခဲ့သည့် (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ် မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အတွင်း အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းအနေဖြင့် ကျေးရွာပေါင်း (၇၇၄၉) ရွာတွင် အိမ်သုံးဆိုလာစနစ်မီးလင်းရေးလုပ်ငန်းပေါင်း (၃၇၃၉၁၃) ခု၊

အများပြည်သူသုံးဆိုလာစနစ် (၁၃၉၄၅) စုံနှင့် လမ်းမီး (၃၉၇၈၉) တိုင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အသေးစားဓာတ်အားစနစ်ဖြင့် ကျေးရွာပေါင်း (၁၂၂) ရွာရှိ အိမ်ခြေ (၃၀၇၁၃) အိမ်၊ အများပိုင် အဆောက်အဦ (၄၄၆) လုံး၊ လမ်းမီး (၇၂၀၉) တိုင်ခန့်အတွက် လုပ်ငန်းပေါင်း (၁၀၃) ခုကို ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် အိမ်ခြေပေါင်း (၄၀၄၆၂၆) အိမ်၊ လူဦးရေ(၂.၀၂) သန်းခန့် အကျိုးပြုနိုင် ခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အီတလီအတိုးမဲ့ချေးငွေဖြင့်လည်း အိမ်သုံးဆိုလာစနစ် မီးလင်းရေး လုပ်ငန်းပေါင်း (၆၈၅၄)ခု၊ အများပြည်သူသုံးဆိုလာစနစ် (၄၃၂)ခု၊ လမ်းမီးတိုင် (၈၀၂)တိုင်အား ကျေးရွာ (၁၄၀)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး လူဦးရေ (၀.၀၃၄)သန်းခန့် အကျိုးပြုနိုင်ခဲ့ပါသည်။ အလားတူ ဂျာမာန်ဖွံ့ဖြိုးရေးဘဏ်(KfW)အဖွဲ့ အထောက် အပံ့ဖြင့် ကျေးရွာပေါင်း (၅၅၇) ရွာတွင် အိမ်သုံးဆိုလာစနစ်လုပ်ငန်း (၂၃၀၀၀)ခု၊ အများပိုင် အဆောက်အဦ (၇၇၂) လုံးနှင့် လမ်းမီး(၂၆၇၂) တိုင် ဆောင်ရွက်ပေးနိုင်ခဲ့ရာ လူဦးရေ (၀.၁၂) သန်းခန့် အကျိုးပြုနိုင်ခဲ့ပါသည်။ သို့ဖြစ်ရာ ၂၀၁၆−၂၀၂၀ ခုနှစ် (၅)နှစ်တာကာလအတွင်း အိမ်သုံးဆိုလာစနစ်နှင့် အသေးစားဓာတ်အားစနစ် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်း ရေးလုပ်ငန်းများအနေဖြင့် ကျေးရွာပေါင်း (၈၅၆၈) ရွာတွင် လုပ်ငန်းပေါင်း (၄၀၃၈၇၀) ခု ဆောင်ရွက်နိုင်ခဲ့ပြီး အိမ်ခြေ (၄၃၄၄၈၀) အိမ်၊ လူဦးရေ (၂.၁၇၂) သန်းခန့် အကျိုးပြုနိုင်ခဲ့ပါသည်။

၆။ မဟာဓာတ်အားလိုင်းပြင်ပဧရိယာအတွင်း လျှပ်စစ်ဓာတ်အားရရှိ လွှမ်းခြုံနိုင်မှုရာခိုင်နှုန်း အနေဖြင့် (၃၂.၇)% ခန့်ရှိပြီဖြစ်ပြီး စွမ်းအင်ကဏ္ဍစီမံခန့်ခွဲမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(ESMA) ၏ ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ရရှိမှုအဆင့် သတ်မှတ်ချက်များ(Tier-0~5)အရ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် စွမ်းအင်ရရှိမှုအဆင့် Tier-1မှ Tier-4အထိ ဖြည့်ဆည်းပေးနိုင် လျက်ရှိသည်ကို တွေ့ရပါသည်။ မဟာဓာတ်အားလိုင်းပြင်ပစနစ် ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ချက် တိုးတက်မှုများကို အောက်ပါအတိုင်းဖော်ပြထားပါသည်။

(၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ် မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အထိ ကျေးလက်မီးလင်းရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု

(၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ် မှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးလက်မီးလင်းရေးလုပ်ငန်း အကျိုးပြုအိမ်ခြေ ကျေးလက်မီးလင်းရေးလုပ်ငန်း မှတ်တမ်းဓာတ်ပုံများ

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ ပန်မွမ်းကျေးရွာ အများသုံးဆိုလာစနစ်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်ကျေးရွာ အိမ်သုံးဆိုလာစနစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကံဦးကျေးရွာ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ထိန်ပင်မြိုင်ကျေးရွာ၊

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သက္ကယ်ကျင်း+ကိုင်း(မ)ကျေးရွာ၊

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ခန္တီးကျွန်းကျေးရွာ၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆယ်ပင်ကျွန်းကျေးရွာ၊

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာ၊

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ကျွန်းကျေးရွာ၊

The Rural Electrification Activities

1. Energy consumption is one of the indices in determining the levels of development of a nation. Availability of energy supply to all sectors of life in any country is crucial for its development. Therefore, the Government puts high priority on providing its citizens with access to modern electricity in reliable manner. To provide the universal electricity access to all by 2030, National Electrification Project (NEP) has been developed in cooperation with the World Bank Group.

2. NEP project is being implemented by the World Bank’s IDA loan of USD (90) Million, Italian Soft Loan Euro (30) Million, the Government budget and community contribution as well as the Result Based Financing Programme (RBF) is carrying out with the grant of World Bank, USD (3.45) Million. In the same way, the rural electrification project is being implemented in the Southern Shan State with the finance of German Development Bank (KfW), Euro (9) million, of which Euro (2) Million is for Technical Measures. In addition to that, German Development Cooperation (GIZ) granted technical assistance to develop the Mini- Grid Project with Euro (4.87) Million which is a combination of GIZ’s grant Euro (4) million and New Zealand Government’s grant Euro (0.87) million. Likewise, Smart Power Myanmar initiated the rural electrification programme mainly focused on Mini-Grid developers and end users development with (97500) USD as a grant.

3. Under the NEP project, DRD is mandated to undertake off-grid electrification with the objectives of increasing electricity access in rural areas, implementing the pre-electrification initiatives in the remote villages from the national grid, making better electrification system by the public contribution and improving the public-private-people partnership.

4. Off-grid electrification has two components: mini-grid system and solar home system with public facilities including school, religious building, health center as well as streetlights. Both international and local developers and companies have a great opportunity to compete for solar home system by International competitive bidding method and also to apply for Mini-Grid Projects in “Call for Proposal- CfP”. In order to increase ownership mindset of local communities, local communities may have to pay the specified rates of the cost as Public Contribution.

5. Since the new government took the governance, starting from 2016-2017 Fiscal Year to (2019-2020) Fiscal Year, (373913) Solar Home Systems were installed with (13945) public facilities and (39789) Streetlights in (7749) Villages as well as (103) Mini-Grid projects were implemented for supplying electricity to (30713) Households, (446) public buildings and (7209) streetlights in (122) villages by NEP (Off-Grid) and it benefited to (404626) Households and 2.02 million population in the Off-Grid Area. Additionally, (6854) Solar Home Systems, (432) public facilities and (802) Streetlights were furnished to be effective to (0.034) million people in (140) villages with the Italian Soft Loan in this fiscal year (2019-2020). In the same way, the German Development Bank (KfW) financing project provided (23000) Solar Home Systems, (772) public facilities and (2672) streetlights in (557) villages, benefiting to (0.12) million population. Accordingly, implementing a total of (403870) Off-Grid rural electrification services in (8568) villages facilitated to have electricity access to (434480) rural households and (2.172) million people during this five years from 2016 to 2020.

6. The coverage across the off-grid area reached to 32.7% of it, thereby implementing the Off-Grid rural electrification services: Solar Home Systems and Mini-Grid Projects. According to the energy access assessment of Energy Sector Management Assistance Program (ESMAP) using Multi-Tier spectrum (Tier 0 to 5), the most significant finding is that the Department of Rural Development could provide energy access level which ranges from Tier 1 to Tier 4. The progress of off grid rural electrification activities is as follows:

Progress of Rural Electrification Activities by village from 2016-2017 Fiscal to 2018-2019 Fiscal Year

Rural Electrification Project Beneficiaries (Household) from 2016-2017 Fiscal Year to 2018-2019 Fiscal Year

Documentary on Rural Electrification Implementations

Public Solar System in Pan Mon Village, Lashio Township, ShanState

Solar Home System in Talang Village, Thantlang Township, Chin State

Solar Streetlight in Chaung Meeto Village, Wetlet Township, Sagaing Region

Solar Home System in Kan Oo Village, Yesagyo Township, Magway Region

Solar Mini-Grid in Ngatayaw Village (8 Island Villages), Yesagyo Township, Magway Region

Solar Mini-Grid in Htain Pin Myaung Village, Kyan Gin Township, Ayeyarwaddy Region

Solar Mini-Grid in Thet Kal Gyin & Kaing Ma Villages, Pauk Township, Magway Region

Solar Mini-Grid in Khanti Island Village, Palaw Township, Tanintharyi Region (ASEAN Energy Award)

Solar Mini-Grid in Sel Pin Kyunn Village, Shwe Bo Township, Sagaing Region

Rice Husk Gasifier in Bi Tut Village, Laputta Township, Ayeyarwady Region

Solar Mini-Grid Project in Tet Thit Kyun Village, Padaung Township, Bago Region

Solar Mini-Grid Project in Zin Kyun Village, Kyauk Phyu Township, Rakhine State