Finance Team

Finance Team

NEP Finance ၏ လုပ်ငန်းတာဝန်များ

 

၁။      ကမ္ဘာ့ဘဏ်သို့ Statement of Expenditure (SOE) (၃လပတ်အသုံးစရိတ်အစီရင်ခံစာ)၊ Interim Unaudited Financial Report (IFR) ) (၆လပတ် ဘဏ္ဍာရေးအစီရင်ခံစာ)၊တို့ကို ကမ္ဘာ့ဘဏ်သို့ Financing Agreement ပါ အတိုင်းသတ်မှတ်ရက်အတွင်း အချိန်မှီ ပေးပို့ ရခြင်း။

၂။       Financial Statement ဘဏ္ဍာရေးနှစ်ချုပ်စာရင်းအား ရေးဆွဲ၍ ပြည်ထောင်စုစာရင်းချုပ်ရုံး သို့ပေးပို့၍ စာရင်းစစ် စစ်ဆေးမှုခံယူခြင်း၊ စာရင်းစစ်အစီရင်ခံစာရရှိပါက Myanmar Version အား English Version သို့ပြန်ဆိုပြီး ပြည်ထောင်စုစာရင်းချုပ်ရုံးသို့ သဘောထားမှတ်ချက် တောင်းခံခြင်း၊ ရရှိပြီးပါက ကမ္ဘာ့ဘဏ်သို့ ပေးပို့ရခြင်း။

၃။      ပြည်သူထည့်ဝင်ငွေစာရင်းနှင့် ပတ်သက်၍ မြို့နယ်ကျေးလက်နှင့် ဘဏ်တို့နှင့် ချိတ်ဆက် ဆောင်ရွက်ရခြင်း။

၄။      စီမံကိန်းအတိုးပေးဆပ်မှု တစ်နှစ်လျှင် နှစ်ကြိမ်ပေးဆောင်ခြင်းအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ငွေတိုက်ဦးစီးဌာနတို့နှင့် ချိတ်ဆက်ဆောင်ရွက်ရခြင်း။

၅။      F.E ကိစ္စနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တို့နှင့် ချိတ်ဆက်ဆောင်ရွက်ရခြင်း။

၆။      ကုမ္ပဏီ (Solar, Mini-Grid, IVA)၊ Consultant လစာများ၊ စီမံကိန်းအသုံးစရိတ်များအား တင်ပြလာသော အမှုတွဲများအပေါ် FM Manual Contract တို့နှင့် ကိုက်ညီမှုရှိ/ မရှိ စီစစ် ဆောင်ရွက်ပေးရခြင်း။

၇။      ကမ္ဘာ့ဘဏ်သို့ ပေးပို့ရမည့် ချေးငွေ Disbursement Request (DP, WA) တို့ဖြင့် ပေးပို့ ဆောင်ရွက်ရခြင်း။

၈။      ဦးစီးဌာနဘဏ္ဍာရေးနှင့် ချိတ်ဆက်ပြီး လစဉ်အသုံးစရိတ်စာရင်း (Report) များ ဆောင်ရွက် ရခြင်း။

၉။      Weekly Report ၊ လစဉ် ဘဏ်ကိုက်ညှိရှင်းတမ်းများအား Bank Statement နှင့် Bank Book တို့ဖြင့် ကိုက်ညှိဆောင်ရွက်ရခြင်း။