အိမ်သုံးဆိုလာစနစ်အသုံးပြုရာတွင် တာရှည်ခံစေရန် ဘယ်လိုအချက်တွေကို ရှောင်ကြဉ်ဖို့လိုမလဲ?

အိမ်သုံးဆိုလာစနစ်အသုံးပြုရာတွင် တာရှည်ခံစေရန် ဘယ်လိုအချက်တွေကို ရှောင်ကြဉ်ဖို့လိုမလဲ?

Don't

ဆိုလာအားသွင်းထိန်းချုပ်စက်ကို နေရောင်တိုက်ရိုက် မထိတွေ့သည့်နေရာ၊မီး (သို့မဟုတ်) ရေတို့နှင့်ဝေးရာတွင်ထားပါ။

ဆိုလားအားသွင်းထိန်းချုပ်စက်အား လေဝင်လေထွက်ကောင်းသောနေရာတွင် ထားပါ။ ဖော့အကာများတပ်ဆင်ထားခြင်း၊ ဖုံးအုပ်ထားခြင်း မပြုလုပ်ရပါ။

လျှပ်စီးလက်/မိုကြိုးပစ်နေသည့်အချိန် ခါမျိုးတွင် အားသွင်းထိန်းချုပ်စက်အား ပလပ်ဖြုတ်ထားပါ။

မီးလုံးအား ပလတ်စတစ်/ ကျွတ်ကျွတ်အိတ်များဖြင့် ဖုံးအုပ်မထားရ။

ပလပ်ခေါင်းများ မထိ/ တထိ ဖြစ်နေခြင်း (သို့) လွတ်နေခြင်းများ မဖြစ်စေရန် သတိပြုပါ။

ဆိုလာပြားအား အရိပ်မကျစေရပါ။ ဆိုလာပြားမျက်နှာပြင်အား သန့်ရှင်းစွာ ထားပါ။

ဆိုလာပြားအား ချွန်ထက်သောအရာများဖြင့် ထိုးခြင်း၊ ခြစ်ခြင်း၊ပစ္စည်းများ တင်ခြင်း၊ ဆိုလာပြားပေါ်မတ်တပ်ရပ်ခြင်း စသည်တို့ မပြုလုပ်ရပါ။

ဆိုလာပြားဒေါက်တိုင်အား လှည့်ခြင်း၊ နေရာရွေခြင်းတို့ မပြုလုပ်ရပါ။

Do

လျှပ်စစ်မီးအသုံးပြု နေချိန်တွင် အဖွင့်အပိတ်ခလုတ်ကို ဖွင့်ထားပါ။

ဘက္ထရီအား နေ့အချိန်တွင် အားအပြည့်ဖြစ်စေရန် သေချာစွာအားသွင်းပါ။

အသုံးမပြုဘဲထားမည်ဆိုပါက ခလုတ်များ ပိတ်ထားပါ။ (သို့ရာတွင် အချိန်ကာလ ကြာမြင့်စွာ အသုံးမပြုဘဲ ထားမည်ဆိုပါက အနည်းဆုံး (၃) လ (၁) ကြိမ်အားပြန်သွင်းပါ။

အားသွင်းထိန်းချုပ်စက်အား  Reset  ချမည်ဆိုပါက ခလုတ်ပိတ်၍ ပလပ်ဖြုတ်ပြီးနောက် (၁) မိနစ်ခန့်ကြာမှ ပလပ်ပြတ်တပ်ပြီး ခလုတ်ပြန်ဖွင့်ပါ။