NEP (IVA-4) အတွက် ချုပ်ဆိုမည့်စာချုပ်မူကြမ်း ညှိနှိုင်းအစည်းအဝေးကျင်းပ

NEP (IVA-4) အတွက် ချုပ်ဆိုမည့်စာချုပ်မူကြမ်း ညှိနှိုင်းအစည်းအဝေးကျင်းပ
ဇွန်လ ၂၃ ရက် နေပြည်တော်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်) ဖြင့် ဆောင်ရွက်နေသည့် NEP (IVA-4) အတွက် ချုပ်ဆိုမည့် စာချုပ်မူကြမ်းအပေါ် စာချုပ် ညှိနှိုင်းအစည်းအဝေးကို ရုံးအမှတ် (၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း ၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit -DACU) မှတာဝန်ရှိသူများ မှစာချုပ်ပါအချက်အလက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။