အိမ်သုံးဆိုလာစနစ် (ICB - 1)

အိမ်သုံးဆိုလာစနစ် (ICB - 1)

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်)ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများကို (၂၀၁၆-၂၀၁၇) ခုဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ်၊ NEP (ICB-1) တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက် မီးလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အစရှိသည့် တိုင်းဒေသကြီး/ပြည်နယ် (၇)ခုမှ မြို့နယ်ပေါင်း (၉၅) မြို့နယ်အတွင်းရှိ ကျေးရွာ ပေါင်း (၂၇၀၈)ရွာ၌ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် (၃၀) ဝပ်- (၃၆,၉၆၅) ခု၊ (၄၅) ဝပ် - (၂၀,၂၈၇) ခု၊ (၆၀) ဝပ်- (၈၄,၂၁၃)အားလည်းကောင်း၊ အများပြည်သူသုံးဆိုလာစနစ်ဖြင့် မူလတန်းကျောင်း- (၁၆၆၇) ခု၊ အလယ်တန်းကျောင်း- (၄၀၃)ခု၊ အထက်တန်းကျောင်း- (၁၁၆)ခု၊ ကျန်းမာရေး-(၅၂၄)ခု၊ ဘာသာရေးအဆောက်အဦ- (၂,၉၆၀)ခု၊ ဆိုလာလမ်းမီးတိုင်- (၁၃,၅၂၅) ခု၊ စုစုပေါင်း (၁၆၀,၆၆၀) ခုအားလည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။