အိမ်သုံးဆိုလာစနစ် ( ICB - 2)

အိမ်သုံးဆိုလာစနစ် ( ICB - 2)

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်)ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်းများကို (၂၀၁၆-၂၀၁၇) ခုဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်၊ NEP (ICB-2) တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက် မီးလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် နေပြည်တော် အစရှိသည့် တိုင်းဒေသကြီး/ပြည်နယ် (၁၂)ခုမှ မြို့နယ်ပေါင်း (၁၃၁) မြို့နယ် အတွင်းရှိ ကျေးရွာ ပေါင်း (၁၆၈၄)ရွာ၌ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် (၆၀) ဝပ်- (၆၀,၈၄၅) ခု၊ (၁၀၀) ဝပ် - (၂၇,၁၇၅) ခု အားလည်းကောင်း၊ အများပြည်သူသုံးဆိုလာစနစ်ဖြင့် မူလတန်း ကျောင်း- (၈၄၂) ခု၊ အလယ်တန်းကျောင်း- (၃၂၆)ခု၊ အထက်တန်းကျောင်း- (၆၇)ခု၊ ကျန်းမာရေး-(၃၈၆)ခု၊ဘာသာရေးအဆောက်အဦ-(၁,၆၇၆)ခု၊ ဆိုလာလမ်းမီးတိုင်- (၁၀,၀၇၃)ခု၊ စုစုပေါင်း (၁၀၁,၃၉၀) ခုအားလည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။